Sunday, January 16, 2011
ဝတ်ရည်ကြိုက်သောပျားများ (၂)
နတ်သမီးတစ်ပါးလို့တင်စားလောက်အောင်တော့မလှပါဘူး ဒါပေမယ့် လူတွေကိုဆွဲဆောင်နိုင်လောက်အောင် စိတ်ထားကောင်းတယ် ကိုယ်နဲ့မဆိုင်ပင်မဲ့ ကူညီတတ်ပြီး လူတိုင်းကိုသနားတတ်တဲ့ အားနည်းချက်နဲ့ လူတိုင်းကို အားနာတတ်တာကလွဲရင် အားလုံးပြောစရာမလိုတဲ့ မိန်းကလေးတစ်ယောက်ပါ နာမည်က ထွန်းဝတ်ရည်……။ ၀တ်ရည်က နယ်မြို့လေးမှာနေတာလေ။ ၉ တန်းရောက်တော့ ၀တ်ရည်ရန်ကုန်ကိုကျောင်း ပြောင်းခဲ့တယ်။ ကျောင်းပြောင်းတယ်ဆိုတာကလည်း ၀တ်ရည်တို့နယ်မှာကကျောင်းကို ၈တန်းအထိပဲရှိတာလေ။ ပြောရမယ်ဆိုရင်တော့ အလယ်တန်းထိပဲရှိတယ်ဆိုပါတော့။ မြို့ကြီးနဲ့ကလဲ သိပ်အဝေးကြီးရယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ၉တန်း ၁၀ တန်းကိုတော့အခြားမြို့က ဆရာမတွေခေါ်ပြီးတော့ သင်ရတယ်။ ဆရာမဆိုပေမယ့်လည်း ၀ါရင့်ဆရာမတွေမဟုတ်ကြပါဘူး။ ဒီလိုရိုးရိုး၁၀တန်းအောင်တဲ့ မိန်းကလေးတွေပေါ့။ သူတို့တွေကို လစာပေးဖို့ ၀တ်ရည်တို့အလယ်တန်း ကျောင်းအုပ်ဆရာကြီးနဲ့ ကျောင်းသားမိဘအားလုံးတိုင်ပင်ပြီးတော့ ငှားထားတဲ့ ဆရာမလေးတွေပါပဲ။ ဒါပေမယ့် ပိုက်ဆံမရှိတဲ့ နယ်ကလူတွေအတွက်တော့ ဒီဆရာမလေးတွေထက်ကောင်းတဲ့ နည်းပြမရှိတော့ပါဘူး။
ဝတ်ရည်တို့အိမ်က ၀တ်ရည်တို့နယ်မြို့မှာတော့ ချမ်းသာတယ်၊ ပိုက်ဆံပြည့်စုံတယ်လို့ ဆိုမှာပေါ့နော်။ ၀တ်ရည်မှာ အစ်ကိုရှိတယ်၊ အစ်မတွေလဲရှိတယ်။ ၀တ်ရည်နယ်မှာကျောင်းတတ်ရတာပျောပါတယ်။ နယ်မှာကငယ်သူငယ်ချင်းတွေ အများကြီးနဲ့ ကျောင်းတတ်ရတာလေ။ ပြီးတော့ ကိုယ့်မြို့၊ကိုယ့်အရပ် ဆိုတော့မပျော်တဲ့သူဘယ်ရှိပါ့မလဲ။ ၀တ်ရည်ကိုသူငယ်ချင်းတိုင်က ခင်ကြပါတယ်။ အားလုံးကိုလဲ ၀တ်ရည်ခင်တယ်။ ၀တ်ရည်မျာ အချစ်ဆုံးငယ်သူငယ်ချင်း နှစ်ယောက်ရှိတယ်။ သူတိုတွေက ၀တ်ရည်နဲ့အတူတူ တစ်မြို့ထဲမှာနေကျတဲ့ သူငယ်ချင်းတွေလေ။ တစ်ယောက်က မိန်းကလေးသူငယ်ချင်း ပုလဲကြွေလို့ခေါ်ပြီး၊ နောက်တစ်ယောက်က ယောင်္ကျားလေးသူငယ်ချင်း ဇွဲပြည့်ဝလို့ခေါ်တယ်။ ကျောင်းသွားမယ့်အချိန်ရောက်ရင် စက်ဘီးယူပြီးလစ်တော့တာပဲ။ တစ်ခါတစ်လေတော့ နီးနီးလေးကို အိမ်ကဆိုင်ကယ်နဲ့သွားလိုက်သေးတယ်။ ပြီးရင် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ပုလဲတို့အိမ်ကိုသွားတယ်။
ပုလဲနဲ့စက်ဘီးစီးပြီး ပြည့်ပြည့်တို့အိမ်မှာ ပြည့်ပြည့်ကိုဝင်ခေါ်တယ်။ စလိုက် နောက်လိုက်နဲ့ အရမ်းပျော်စရာကောင်းတဲ့ သူငယ်ချင်းဘ၀တွေပါ။ ခုတော့အဲ့ဒီလိုအချိန်တွေကိုလည်း ပြန်ရနိုင်တော့မှာမဟုတ်ပါဘူး။ ဇွဲပြည့်ဝကိုသူငယ်ချင်းအားလုံးက ဇွဲလို့ခေါ်ကြတယ်။ ၀တ်ရည်ကတော့ သူများတွေနဲ့မတူဘူး။ သူ့ကိုယ်ပြည့်ပြည့်လို့ ထူးထူးခြားခြားခေါ်တယ်။ သူကလဲ မကြိုက်ဘူးဆိုပြီးမငြင်းပါဘူး။ ငြင်းလို့မှမရတာ။ ငယ်သူငယ်ချင်းတွေဆိုတော့လည်း ပြောမနာ၊ ဆိုမနာပေါ့။ စိတ်ဆိုးလို့ရတဲ့သူတွေမှ မဟုတ်တာ။ ပြည့်ပြည့်က အိမ်မှာအကြီးဆုံး။ သူ့မှာ ညီမလေးတစ်ယောက်ပဲရှိတယ်။
သူ့မေမေကသဘောကောင်းတယ်။ စိတ်ထားကလဲပြည့်ဝတယ်။ ပညာတတ်တဲ့ သူ့မေမေက နားလည်မှုလဲအပြည့်ရှိတယ်လေ။ အမှန်ဆိုရင် ၀တ်ရည်ကိုယ်လဲသိပ်ချစ်တယ်။ သူ့ဖေဖေကတော့ သူ့မေမေနဲ့တစ်ခြားစီပါ။ ပြီးတော့ ၀တ်ရည်ဖေဖေနဲ့စီးပွားပြိုင်ဘက်တွေပေါ့။ ဒါပေမယ့် ၀တ်ရည်နဲ့ပြည့်ပြည့်ကြားမှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရန်ငြိုးမထားပါဘူး။ အငြိုးထားစရာ ဘာအကြောင်းမှလည်း မရှိခဲ့တာပါ။ ပုလဲအဖေကတော့ ပြည့်ပြည့်အဖေနဲ့ အတူတူအလုပ်လုပ်တယ်လေ။ စပ်တူဆိုတာလား။ သေချာလဲနားမလည်ခဲ့ပါဘူး။ အဲ့ဒီလောက်ထိလည်း အဲ့ဒီအချိန်းတုန်းက သေချာမသိချင်ခဲ့ပါဘူး။ ၀တ်ရည်တို့သူငယ်ချင်းသုံးယောက်က အရမ်းကိုအတွဲမိကျတယ်။
အရမ်းလဲချစ်ကြတယ်လေ။ စိတ်ဆိုးခြင်း တစ်စုံတစ်ရာမရှိပဲ စနောက်ကျတာဆိုတော့ ပျော်စရာအရမ်းကောင်းတာပေါ့။ အဲ့ဒီနောက်ပိုင်းမှာပဲ ၅၂၈ ကနေ ၁၅၀၀ ကိုအရောင်ပြောင်းလိုက်သူကတော့ ပြည့်ပြည့်ပဲလေ။ သူက ၀တ်ရည်ကိုယ်ချစ်တယ်လို့ပြောခဲတယ်။ ၀တ်ရည် အရမ်းအံ့သြမိခဲ့တယ်။ ဒါပေမယ့် အဖြေရိုးရိုးလေး ပြန်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ၀တ်ရည်လဲပြည့်ပြည့်ကို ချစ်နေသူမို့ပါ။ ဒီလိုနဲ့ ၀တ်ရည်နဲ့ပြည့်ပြည့် ချစ်သူတွေဖြစ်ခဲ့ကြတယ်။ အဲ့ဒီအချိန်အတွင်း အရမ်းချစ်ခဲကြတယ်။ ဒီကြားထဲမှာ သူတို့နှစ်ယောက်အကြောင်း သိသူတစ်ဦးတည်းသာရှိတယ်။ သူကတော့ ပုလဲပဲပေါ့။ မိဘတွေ၊ အစ်ကို၊ အစ်မတွေကို လိမ်ပြီးတော့ပိပိရိရိ ချစ်ခဲ့တဲ့ဝတ်ရည်ကတော့ အပျော်ကြီးကိုယ်ပျော်နေခဲ့တယ်။
လူတွေလစ်တိုင်း ခိုးပြီးတစ်ယောက်ကိုတစ်ယောက်နောက်တယ် စတယ်။ မိဘတွေမသိအောင် ခိုးတွေ့ကျ တယ်။ အရမ်းကြည်နှုးနေကျတာပေါ့။ တစ်နေ့မတွေ့ရရင် မနေနိုင်လောက်အောင်ကို ချစ်မိနေကြာတာလေ။ ကျောင်းကလဲ ဒီတစ်နှစ်ပြီးတာနဲ့ ပြောင်းရတော့မယ်ဆိုတော့ ပိုပြီးမခွဲနိုင်မခွာရက် ဖြစ်ကြတာပေါ့။ ဒီအချိန်က ဆယ်ကျော်သက်တွေရဲ့ တစ်သက်တာမှာ အမှတ်ရဆုံးအချိန်တွေလဲဖြစ်ကောင်းဖြစ်မယ်။ အမှတ်တရကောင်း တွေ ရချင်မှတော့ရလိမ့်မယ်။ ဒါပေမယ့် ဒီအချိန်ဟာ ဆယ်ကျော်သက် အားလုံးရဲ့အဖြူစင်ဆုံး ဖြတ်ကျော်ကြတဲ့ အဖြူသက်သက် နေ့လေးတွေပဲလေ။ ကျောင်းနောက်ဆုံးတစ်နေ့ ၀တ်ရည်နဲ့ပြည့်ပြည့်ချိန်းပြီးတော့တွေ့ကျ တယ်။ ပြည့်ပြည့်က သူ့အိမ်ကဆိုင်ကယ်နဲ့ ၀တ်ရည်က ပြည့်ပြည့်နောက်ကလိုက်တယ်။ ပြည့်ပြည့် ခါးလေးကို ဖက်ပြီးတော့ပေါ့။ ညနေခင်းအချိန်ဆိုတော့ လေအေးအေးတွေ အဆက်မပြတ်တိုက်နေချိန်။ ၀င်တော့မယ့်ဆဲဆဲ နေမင်းကြီးရဲ့အောက်မှာ အဖြူရောင်သက်သက် အချစ်တွေနဲ့ ကောင်လေးနဲ့ကောင်မလေးအဖို့ အရမ်းကိုလှနေတော့တာပဲ။ အဲ့ဒီတုန်းက အချိန်တွေကို ပြန်တွေးမိလိုက်တိုင်း ကြည်နှုးမိမှာ မလွဲပါဘူး။
“၀တ်ရည်..နင်ငါ့ကိုတကယ်ရောချစ်ရဲ့ လားဟာ..ပြောလေ…..ပြောလေဟာဘာလုပ်နေတာလဲ’’…..။
 “စဉ်းစားနေတာပေါ့..ပြန်ဖြေမလို့ လေ..”….၀တ်ရည်ပြုံးနေမိသည်…… ။  
 သူဘာပြန်ပြောမလဲဆိုတဲ့ အတွေးနဲ့ ရင်ခုန်မိသည်..။
 “ ဘာ…….ဘာ ” …. ပြည့်ပြည့်ဆိုင်ကယ်ကိုချက်ချင်းရပ်လိုက်သည်..။ ပြီတော့  
 “ နင်ဘာပြောလိုက်တာလဲ ၀တ်ရည်! ပြန်ပြောပါဦးဟ …’’….  
  ပြည့် ပြည့် ဒေါသထွက်သွားတာက၀တ်ရည်အတွက်တော့ရယ်စရာအတော်ကောင်းပါတယ် …။ ပြီးတော့ရင်လဲ
 ခုန်မိတယ် …။
 “ငါကနင့်ကိုချစ်တယ်လေဟာ...ရိုးရိုးချစ်တာမဟုတ်ဘူး …အရမ်းချစ်နေတာဆိုတော့ဘယ်လိုပြောရင်ကောင်း
 မလဲလို့ စဉ်းစားနေတာပါဟ…...နင်ကလဲ ..”
 …. ၀တ်ရည်ကလဲ ပြည့်ပြည့်ကို စ နောက်နေရတာကိုပဲအရမ်းကျေနပ်မိတာ …။
 “အင်းပါ ထားပါတော့..အခုဘယ်ကိုသွားမလဲပြော ဘာတွေလုပ်ကျမလဲပြော…’’     
 သူက၀တ်ရည်မျက်နှာကိုသေချာကြည့်ပြီးမေးတယ် …။
 “ဘာပြောတယ် ပြန်ပြော…’’ ၀တ်ရည်ကအတွေးချော်သေးတယ် ..။
 “နင်ကလဲဘာတွေတွေးနေတာလဲ..နောက်ဆို ငါတို့ တွေကျောင်းပြောင်းတော့မယ်လေ.. ။ ..
 ငါတို့ ခွဲရတော့မယ်…ဒီအတွင်းပြန်တွေ့ ဖို့ ကသိပ်လွယ်တာမဟုတ်ဘူး.... ပြီးတော့  
 နင်နဲ့ ငါက တွေ့ ချင်တိုင်းတွေ့ လို့ မှမဖြစ်နိုင်တာဟာ…တွေ့ တဲ့ အချိန်လေးပဲ  
 စကားတွေဝအောင် မနည်းပြောနေရတာလေ….ဒီတော့ငါပြောမယ်နားထောင်ဟာ…’’ …
 “ငါနင့်ကိုအရမ်းချစ်တယ်…။ ငါနင့်ကိုဘယ်တော့မှမခွဲဘူး…။ ဘယ်လိုအကြောင်းနဲ့ မှငါနင့်ကိုမမုန်းဘူး…။
 ငါနင့်ကိုပဲလက်ထပ်မယ်….။ ငါပြောချင်တာဒါပဲ… ။ အဲ့ ဒါတွေ နင့်ကိုငါကတိပေးတယ်ဟာနော်…။ ”….
 ပျော်ပါတယ် ၀တ်ရည်အရမ်းပျော်တယ် …။ အရမ်းလဲကြည့်နှုးမိပါတယ် …။
 ပြည့်ပြည့်က၀တ်ရည်ကိုအရမ်းချစ်တယ်ဆိုတာ သိရတော့ ၀တ်ရည်တကယ်ပဲကျေနပ်မိပါတယ် ….။  
 “ငါလဲနင့်ကိုကတိပေးပါတယ် ငါနင့်ကိုချစ်တယ်…။ ငါနင့်ကိုမခွဲဘူး…..။ …..
 နင့်ကိုဘယ်လိုအကြောင်းနဲ့ မှမမုန်းဘူးလို့ကတိပေးတယ်  နင့်လိုလက်ထပ်မယ်တော့ငါမပြောရဲဘူးနော်….”
 …“အေးပါဟာနင်ငါ့ကိုချစ်တယ်ဆိုရင်ပဲ အဲ့ ဒီအချစ်တွေရနေရင်ပဲ ငါနားလည်ပေးပါတယ်…” 
 …. ၀တ်ရည်ပြုံးပြီးနေလိုက်ပါတယ် …
 “ အင်း..ဗိုက်ဆာတယ်ဟာမုန့် ဝယ်ကျွေးတော့နော်”….
 “အင်းကိုကိုလို့ ခေါ်ရင်ကျွေးမယ် ခေါ်မြန်မြန်..” ၀တ်ရည် အားရ ပါးရ အော်ရယ် ပစ်လိုက်မိသည်။
 …… “ဟားဟား မှတ်တောင်ထားရဦးမယ်နင့်ကိုခေါ်ဖို့ ဝေးသေး မ၀ယ်ကျွေးလဲနေပေါ့ဟာ...ပြန်တော့မယ်” …။
အပိုင်း (၃) ကိုဆက်လက်ဖော်ပြပါမည်။
မိုး.............
2 မှတ်ချက်:
...အလင်းစက်များ said...
ပညာရေးအကြောင်းလေးလဲ ပါရဲ့နော်... ရန်ကုန်နဲ့  မနီးမဝေးမှာ စာသင်ခဲ့တာမို့  သဘောပေါက်ပေမယ့်.... ဒီလိုဇတ်လမ်းမျိုးလေးတော့ ကြုံခဲ့ရပါဘူးလေ........ (ဂေါ်မစွံ... :P)
နိုးအိမ်ရှင် said...
စိတ်ဝင်စားစွာ ဖတ်သွားပါတယ်.... ဆက်ရေးပါဦး.... မျော်နေပါ့မယ်......
Post a Comment
ခုလို့ တခုတ်တရ မှတ်ချက်ပြုပေးတာကို ကျေးဇူးတင်ပါတယ်။