Thursday, January 13, 2011

ဝတ်ရည်ကြိုက်သောပျားများ



ငါအဲ့ ဒီတုန်းကလန့် သွားတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကိုဖြစ်သွားတာ …..။ ငါလမ်းသာ လျှောက်နေရတာ
ခြေထောက်နဲ့ မြေကြီးထိတယ်လို့ တောင်မထင်မိဘူး …။ တော်သေးတယ် အသိစိတ်လေးနည်းနည်းနဲ့ အားတင်း
ပြီးတော့ထိန်းထားလို့ သာပေါ့ မဟုတ်ရင် အဲ့ ဒီနေရာမှာတင်ငါဆိုတာ တော်တော် အကြီးတန်သွားမှာသေချာတယ်
….။ ငါ့စိတ်ကလဲတစ်ခါတစ်လေ ဆောက်တည်ရခက်တယ် ….။ တစ်ခါတစ်လေဆို မှန်းရခက်တယ်…။ ဘာမှန်းမ
သိဘူး ….။ ငါ့ကိုယ်ငါတောင်နားလည်ရခက်တာကို ဘယ်သူကများ ငါ့ကိုနားလည်ပါတယ်လို့ လာပြောနေတယ်…။
ငါရယ်ချင်တာပေါ့ ….။(ဟားဟား….လို့ ) ဒါပေမယ့်ငါရယ်လို့ မရဘူး …။ အဲ့ ဒါဘာလို့ လဲ … ငါဆိုတဲ့ငါက အားနာ
တတ်ပြန်ရော …။ ငါက တကိုယ်ကောင်းအရမ်းဆန်တာ ..။ ငါစိတ်ချမ်းသာနေရရင် ဘာကိုမှမကြည့်တတ်ပြန်ဘူး.။

ပြီးတော့ ငါက သနားတတ်ပြန်ရော …။ ငါသနားတာကလဲကြောက်ဖို့ ကောင်းတယ် …။ ငါ့ကိုငါ ဘာတွေဆုံးရှုံးနေ
လဲဆိုတောင် ပြန်မကြည့်နိုင်လောက်အောင် ငါကသနားပြစ်လိုက်တာ …။ အဲ့ ဒါက ငါလျှောက်ပြောနေတာမဟုတ်
ဘူး အတည်တွေပြောနေတာ….။ ဒါကြောင့်ပြောတာပေါ့ ငါ့ကိုယ်ငါတောင် နားမလည်ဘူးလို့ ..။ ငါအမြဲပျော်နေ
တတ်တဲ့သူတစ်ယောက်လား …။ အဲ့ လိုလဲမဟုတ်ဘူး …။ ဒါဆိုငါက အလကားနေ ၀မ်းနည်းနေတတ်တာလား ..။
ဒါဆိုပိုဆိုးတာပေါ့ …။ ငါက အလိုက်သင့်နေတတ်တဲ့ ဓာတ်လေးတစ်ခုရှိသေးတယ်…။ ဒါက ကြွားတာလဲမဟုတ်
ဘူး …။ ဒါပေမယ့်အဲ့ ဒါ လူတိုင်းလုပ်နိုင်လားဆိုတော့မလုပ်နိုင်ဘူး ….။ တော်တန်ရုံလောက်တော့ ငါအသာလေး
ကျော်လိုက်တယ်….။ ငါ့မှာလည်းဒါမျိုးတော်တာလေးတွေရှိပါသေးတယ် …။ ငါ့အကြောင်းတွေပြောနေတာနဲ့ ကိုပဲ
ငါဆိုလိုချင်တာ မရောက်တော့ဘူး …။(ပတ်ပျိုးနေတာနဲ့ တင်ယိုးဒယား မက ရတော့ဘူးပေါ့) ငါပြောချင်တာ အဲ့ 
ဒီတုန်းက သေချာတိတိကျကျပြောရင်တော့ အချိန်က ညအချိန် ၉ နာရီကိုနည်းနည်းလေးပဲစွန်းသေးတာ….။ငါက
အပျော်တွေပြည့်တဲ့  မျက်နှာနဲ့ အပြင်ကနေ ဆိုက်ကားနဲ့ ပြန်လာတယ်…။(သူတို့ တွေကအဲ့ လိုထင်နေတာလေ…)

တကယ်တော့ ငါက စိတ်ညစ်ခြင်းတွေနဲ့  မရှင်းနိုင်တဲ့ ပြသာနာတွေ ပိုက်ပြီးပြန်လာတာ…။ ဒါကိုဘယ်သူမှ ငါ့ထက်
ပိုမသိနိုင်ပါဘူး …။ ငါကလဲသိပါစေလို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ဘူး ..။ ငါကအချစ်ကို အချစ်ဆို
တာသန့် သန့် လေးလိုချင်ခဲ့ တာ ….။ ငါ့အတွေးတွေ တကယ်ဖြစ်မလာခဲ့ ပါဘူး …။ နောက်လဲဖြစ်လာမှမဟုတ်ဘူး
ဆိုတာ သေချာတယ် …။ ငါအိမ်ရှေ့ နားရောက်ခါနီးတော့ အဝေးထဲကမြင်နေရတဲ့  ခပ်ဆိုးဆိုးပုံစံတစ်ခု …။ငါပြော
တာ ရုပ်ဆိုးနေတာမဟုတ်ဘူး …။ မျက်နှာတစ်ခုလုံးမာထန်နေတဲ့  ယောင်္ကျားတစ်ယောက်နဲ့  လှောင်သလိုအပြုံး
ကိုယ်စီနဲ့ မျက်နှာတွေ …။ ငါ့ပုံစံကလဲ ပတ်ဝန်းကျင်ကိုမကြည့်ဘူး …။ လုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်သွားမှာပဲ..။

ဆိုတဲ့ ပုံစံပေါက်နေတာ …။ တကယ်တော့ပတ်ဝန်းကျင်ဆိုတာကို ငါအလေထားတတ်တဲ့  မိန်းမတစ်ယောက်ပါ….။
ဖြစ်ချင်တာဖြစ်ပါစေကွာ ဒီလိုမှမဟုတ်ရင် ဒီဇာတ်လမ်းကအဆုံးသတ်တော့မှာမဟုတ်ဘူး ဆိုတဲ့ အတွေးတွေနဲ့ …။
ငါသူတို့ အားလုံးနဲ့ လိုက်သွားခဲ့ တယ် ….။ အိမ်နဲ့ မဝေးလှတဲ့  ငါတို့လမ်းထိပ်က လ္ဖက်ရည်ဆိုင် …။ ငါ့မျက်နှာကို
သိနေတဲ့ သူတို့ အဖို့ တော့ အပိုင်ပဲပေါ့ …။ ရပ်ကွက်ထဲမှာ သတင်းတစ်ပုဒ်တိုးပြီ ဆိုတဲ့ အကြည့်တွေအကုန်လုံးက
ငါ့ဆီကိုတည့် တည့် ကြီးကို ရောက်လာတာ …။ ငါဒါတွေကိုဂရုစိုက်ပြီးပြန်ကြည့်မနေခဲ့ ဘူး …။ အဲ့ ဒါက ငါ့အမှား
တွေထဲကတစ်ခုပေါ့ …။ ငါထင်တာ ပြဿနာက အေးအေးလေးပြီးဆုံးမယ်လို့ ပေါ့ …။ ဒါပေမယ့် ဒီတစ်ခါတော့ငါ
အကြီးကြီးမှားသွားတာ …။ ငါထင်ထားတာထက် မပြောပြတတ်အောင် သာနေတာ ..။ စကားလုံးတွေ… စကားလုံး
တွေ … လူကိုတစ်နေရာထဲမှာ လဲကျသွားအောင်လုပ်နိုင်တဲ့  အားပြင်းတဲ့ တွန်းချက်တစ်ခုလို စကားလုံးတွေ ….။

ကိုသူ ၊ ကိုထွန်း ၊ ကိုစိုး ၊ ပြီးတော့ သူ …..။ အချစ်ဆုံးတဲ့ သူတို့ သူငယ်ချင်းတွေ။ အသွင်တူမှ အိမ်သူဖြစ်တယ်ဆို
တာ သူတို့ ကိုလဲ ညွှန်းတာဖြစ်နိုင်တယ် …။ သူ့ နာမည်က စိုးခန့် …။ ငါတော့သူ့ ကို ကိုခန့် လို့ ခေါ်တယ် …။
“ငါ့ညီမကိုယ် စကားလေးတစ်ခွန်းလောက်ပြောလို့ ရမလား”…ပုံမှန်အတိုင်းဆို စကားပလ္လင်မခံတတ်တဲ့  ကိုထွန်း
ကဒီစကားကို စပြောတယ် ..။ ငါကလဲ မာကျောနေတဲ့ ငါ့အသံကို တင်းပြီးပြောလိုက်ပါတယ် .. “ပြောလေ…”..။
ငါ့စကားလုံးတွေက ပြတ်သားလွန်းလို့ ပေါ့ …။ ငါ့ဘေးကနေ ငါ့မျက်နှာကိုငေးကြည့်နေတဲ့  ကိုခန့် မနေနိုင်တော့
သူဝင်ပြောလာတယ်…။ “ငါ နင့်ကိုဖွင့်ပြစရာတစ်ခုရှိတယ် …။ နားထောင်ပေး ပြီးရင် ငါ့အတွက်ဖြေရှင်းချက်တစ်ခု
နင်ပြန်ပေးရမယ် ”….။ ငါကလဲ ကောင်းပြီလေ ဆိုတဲ့ သဘောနဲ့ ခေါင်းညိမ့်ပြလိုက်တယ် ….။ အားလုံးရဲ့ မျက်လုံး
တွေကလဲ ငါ့ကို ခုမှတွေ့ ဖူးတဲ့  အထူးအဆန်းတစ်ခုလို ကြည့်နေကျတာ..။ ငါက အဲ့ ဒီအကြည့်တွေကို ဘယ်အ
ရာမျိုးနဲ့ မတုံ့ ပြန်ခဲ့ ဘူး ….။ ဒါကလဲ ငါ့အတွက် ကံနည်းနည်းကောင်းသွားတာပါ ….။ “ရည်ရည့် ကိုယ်အရမ်း
ချစ်တယ် …. အဲ့ ဒါမသိဘူးလား …။” အသံက ဖုန်းထဲကနေထွက်လာတာ …။ ဒါငါသိတာပေါ့ ငါတို့ နှစ်ယောက်
ကိုယ်တိုင်သွင်းထားခဲ့ တဲ့ အသံတစ်ခုလေ ….။ ငါမသိပဲနေမလား ..။ “ကဲ … ပေးပါဦးဖြေရှင်းချက်လေးတစ်ခု
လောက်…” …ငါ့အတွက် အသင့်ရှိနေပြီးသားအရာတစ်ခုပဲ ငါမစဉ်းစားပါဘူး…။ချက်ချင်းပြန်ပြောခဲ့ တယ်….။

“အဲ့ ဒါ လင်းလင်း အသံလေ အဲ့ ဒါဘာဖြစ်လဲ ….။”…ငါက ငါမဟုတ်သလို ငါ့အတွက်ဘာတစ်ခုမှမဖြစ်သလိုပြန်ဖြေ
လိုက်တာ ….။ ဒီတော့ ကိုခန့် စိတ်တွေ ထိန်းမရတော့ဘူး ….။ “အေး… ဟုတ်ပါပြီ နင်ဘာငြင်းဦးမလဲ…။ နင်နဲ့ ဒီ
လင်းလင်း ဆိုတဲ့ ကောင်နဲ့  ဖောက်ပြန်နေတယ်မဟုတ်လား …။” …ငါပြုံးနေလိုက်တယ်…။ ငါ့အပြုံးကကျေနပ်တဲ့ 
အပြုံးနဲ့ ပါ….။ အဲ့ ဒီအပြုံးကြောင့်ပဲ ငါဟာ တကယ်ခေါင်းမာနဲ့ ပုံစံဖြစ်သွားတယ် …။ “ပြောလေ နင်ကလုပ်ချင်တာ
လုပ်ပြီးမှ မပြောတတ်တော့ဘူးလား …။”ကိုစိုးမေးပုံက ငါ့အတွက်တော့ ဟားတိုက်ရယ်ချင်စရာကြီးပဲ…။ဒီစကားကို
ငါပြန်မချေပ ခဲ့ ပါဘူး …။ ငါစကားလုံးနည်းနည်းပဲ ပြောခဲ့ တာ…။ ဒါက ငါ့ပတ်ဝန်းကျင်အတွက် ငါထိန်းသိမ်းခဲ့ တာ
တွေပဲ…။ နောက်တစ်ခုက ကိုစိုးရဲ့ အရမ်း ရယ်စရာကောင်းတဲ့ စကားတစ်ခွန်းပေါ့…။ “ရည်စားရှိလျက်နဲ့ နောက်
တစ်ယောက်နဲ့  ဖြစ်တယ်ဆိုတာ အဲ့ ဒါလင်ငယ်နေတာပဲ တဲ့ …။”အဲ့ ဒါအရမ်းကို ရယ်စရာတစ်ခုပဲလို့ ငါထင်တယ်။

“နေပါဦး …။ ငါညီမရယ် ဘာအတွက်ကြောင့် ကိုထွန်းရဲ့ သူငယ်ချင်းကို ဒီလိုလုပ်ရတာလဲ အကြောင်းပြ
ချက်ကောင်းကောင်းလေး ပေးပါ …။ ညီမ တို့ နှစ်ယောက် လက်ထက်ဖို့ ထိတောင် ရည်ရွယ်ပြီးချစ်ခဲ့ ကျတာမ
ဟုတ်ဘူးလား …။ ချစ်ခဲ့ တာဘယ်လောက်တောင်ကြာပြီလဲ …။ ဒီကြားထဲ ဘယ်လိုနေခဲ့ ကျလဲ …။ ဘာလို့ ဒီလို
မျိုး ဖြစ်သွားရတာလဲ …။ ဘာလို့ လဲ…။ ” သူ့ မေးခွန်းတွေအရမ်းများနေတယ် သူသိချင်တာတွေလဲအရမ်းများနေ
တယ် ..။ ငါဖြစ်စေချင်တာက ဒီမေးခွန်းတွေကို ကိုခန့် မေးစေချင်တာ …။ ဒါပေမယ့်သူမမေးခဲ့ ဘူး …။ ငါ့ကိုပဲမဲ့ ပြုံး
တွေတစ်လှေကြီးနဲ့ ထိုင်ကြည့်နေခဲ့ တယ် …။ ငါ့ကိုအားလုံးက စကားလုံးပေါင်းစုံနဲ့ ဝိုင်းပြောနေကျတယ် ဒါပေမယ့်
သူကတော့ ငြိမ်သက်ဆဲ…။ သူ့ သူငယ်ချင်းတွေက သူ့ အတွက်မခံမရပ်နိုင်ဖြစ်နေတာ…။ ငါလုပ်တာတွေ မှားတယ်
အဲ့ ဒီအတွက်ဖြေရှင်းချက် သူတို့ လိုချင်နေတာ..။ ငါပြောပြလို့  ရလာမယ့် အဖြေကိုသူတို့ သိချင်နေကြတယ်..။ဒါ
ပေမယ့် သူတို့ မှာလဲ အဖြေကရှိနေတယ် …။ အဲ့ ဒါက သူတို့ သူငယ်ချင်းနဲ့ မပတ်သတ်တော့ဖို့ ပဲတဲ့ …။ တကယ်
တမ်း ဖြစ်နေတဲ့  နှစ်ယောက်ထက် သူတို့ စိတ်တွေက စောနေခဲ့ တယ်…။ သူတို့ ဘာပဲပြောပြော ငါက ငါ့အပြစ်မ
ဟုတ်ဘူးဆိုတဲ့ ပုံစံနဲ့  အေးဆေးလေးနားထောင်နေလိုက်တယ် …။ ဘာတစ်ခွန်းမှလဲ ပြန်မဖြေရှင်းခဲ့ ဘူး ..။နောက်
ဆုံးတော့ ငါလိုချင်တဲ့ စကားတစ်ခွန်း ထွက်လာပြီ …။ “Make a Decision ? ” သူက ငါ့ကိုပြတ်သားချင်နေပြီပေါ့
အဲ့ ဒီတော့လဲ ငါက ဘာမှပြောစရာမရှိတော့ဘူးလေ …။ ငါလဲအေးဆေးလေး ပြန်ဖြေလိုက်ပါတယ် ..“ဘာမှပြော
စရာမရှိတော့ပါဘူး …။ ” ဒီအချိန်မှာ ငါ့မျက်နှာမှာ ၀မ်းနည်းတဲ့ အရိပ်အရောင်ဘာတစ်ခုမှ မရှိတဲ့အပြင် တည်ငြိမ်
နေသေးတယ် …။ငါကိုယ်တိုင်တောင် တွေးကြည့်ရင် ပြန်အံသြမိတယ်…။ သူတို့ ကငါ့ကိုဖြစ်စေချင်တာ ငါက ငိုပြီး
ကိုခန့် ကိုယ် တောင်းပန်တာကို သူတို့ ကလိုချင်တာ…။ ဖြစ်မလာခဲ့ ဘူး ..။ နောက်ဆုံး စကားတစ်ခွန်းသူပြောသွား
ခဲ့ တယ်….။ “နင့် ဘာသာ ဘာဖြစ်ဖြစ် ..။ နင့်လမ်းနင်ရွေးတာ…။ ငါနဲ့ ဘာမှမဆိုင်တော့ဘူး …။ အဲ့ ဒီတော့ ငါ
သွားပြီ ထွန်းဝတ်ရည်…..။”တဲ့  … ဒါဟာငါ့အတွက်တော့ အချစ်လို့ နာမည်ခံတဲ့  ခပ်ပေါပေါဇာတ်လမ်းတစ်ပုဒ်
ဆုံးသွားသလိုပဲ ငါတွေးလိုက်တယ် …။ ငါလဲ အိမ်ကိုလမ်းလျှောက်ပြန်လာပြီး…။ အိပ်ယာထဲအသာလေးခွေပြီး
မနက်ဖြန်အတွက် ကြိုးစားပြီးအိပ်ယာဝင်လိုက်တယ် ….။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။

မိုး.........

5 မှတ်ချက်:

မိုးယံ said...

ဆက်လက်ပါ ဆက်လက်ပါ... မျှော်လင့်နေမယ်... ကိုယ့်ရင်မှာနားပါကွယ်.. အဲ သီချင်းနဲ့မှားတွားလို့.. အပိုင်းဆက်တွေ မျှော်နေပါမယ့်ဗျာ..

Anonymous said...

ဆက်ရန် တွေကို မျှော်နေပါမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

စစချင်းမှာ အဆက်နဲ့ဆွဲထားတာကို...

မြစ်ကျိုးအင်း said...

ဖတ်သွားပါတယ်။ ဇာတ်အိမ်က လောလောဆယ်တော့ အရှိန်မတက်သေးဘူး။ နောက်တခန်းလေး ဆက်ပါအုံး။

chindwinthu said...

ဆက်ရန်ကို စောင့်မျှော်နေပါတယ်နော်။

Post a Comment

ခုလို့ တခုတ်တရ မှတ်ချက်ပြုပေးတာကို ကျေးဇူးတင်ပါတယ်။